‎‎
ကျိုင်းတုံ ဇန်နဝါရီ-၂၃
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ၂၃ ရက် နံနက်၈နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်‌ လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုး ဦးဆောင်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦး‌စောမင်းသူနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲပြီး အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်က အဖွင့်အမှာစကားပြောကြား၍ ထူးချွန်ဆုရ သင်တန်းသာများအား ဆုများအသီးသီး‌ ပေးအပ်ခဲ့ပြီးနောက် ဒုတိယတိုင်းမှူးဦးစီး၍ တာဝန်ရှိသူများသည် သင်တန်းသားများနှင့်အတူ နံနက်စာသုံးဆောင်ခဲ့ပါကြောင်း သိရှိရသည်၊၊
ဆက်လက်၍ ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယထွေ/အုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းကိစ္စများအား ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး