ကျိုင်းတုံ ဒီဇင်ဘာ-၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၈ နာရီတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀) (၁၂/၂၀၂၅)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရာရှိကြီးများ၏ ဇနီးများ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသာများက ကြိုဆိုခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့
