ကျိုင်းတုံ စက်တင်ဘာ ၁၂
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက် နံနက် ၇နာရီတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် ဦးဆောင်၍ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦး‌စောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းမှူး ဦးစီး၍ တာဝန်ရှိသူများသည် သင်တန်းသားများနှင့်အတူ နံနက်စာသုံးဆောင်ခဲ့ပါကြောင်း သိရှိရပါသည်၊၊
ထို့နောက် ညနေ(၁၀)နာရီတွင် ပြည်နယ်ဒုထွေ/အုပ်ရုံး၊အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဒုဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာကြသည့် ပစခအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး