
ကျိုင်းတုံ စက်တင်ဘာ-၃
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်း ဦးဆောင်၍ စက်တင်ဘာလ ၃ ရက် နံနက် ၇ နာရီတွင် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါလျက် ကျိုင်းတုံမြို့မှ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့သို့ ထွက်ခွာလာရာ ၀၉:၃၀အချိန်တွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း (31.00-31.50)km ရှိ ၂၃-၆-၂၀၂၅ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားတာဘောင်(၅၀’x၁၀’x၂၅’)ခန့်၊ ကတ္တရာလမ်းသား(၂၀’x၆’x၂၅’)ခန့် လမ်းသားပဲ့ကျမှုဖြစ်ပွားသည့်နေရာအား မူလလမ်းတာဘောင် အကျယ်ရရှိစေရေးအတွက် ယာယီအစီအစဉ်အရ မျောတုတ်ရိုက်ခြင်း၊ မြေဖို့ခြင်းနှင့် ကျောက်ကြီးဖြည့်ခင်းခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့မှ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့သို့ ထွက်ခွာလာရာ နံနက် ၁၀ နာရီခွဲတွင် မိုင်းယောင်းခရိုင်ထွေ/အုပ်ရုံးသို့ရောက်ရှိခဲ့ပြီး ခရိုင်ထွေ/အုပ်ရုံး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသည့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။

ထို့နောက် ကျိုင်းတုံမြို့မှ မိုင်းယောင်းခရိုင်၊ မိုင်းယုတံတားမှ မိုင်းယုမြို့မဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်ထွက်ခွာလာရာ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ်စမ်းသပ်မဲပေးခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များကို တာဝန်ရှိသူများမှ ဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများ၏ လက်တွေ့ သရုပ်ပြ မဲပေးခြင်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပြီး မိုင်းယုမြို့ထွေ/အုပ်ရုံးသို့ ဆက်လက်ထွက်ခွာလာရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ဆက်လက်၍ မြို့အဆင့်ဌာနဆိုင်များနှင့်တွေ့ဆုံခဲ့ပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ မိုင်းယောင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မိုင်းယောင်းခရိုင်ထွေ/အုပ်ရုံးမှ မိုင်းယုမြို့၊ မိုင်းယုတံတားသို့ ဆက်လက်ထွက်ခွာ လာရာ နေ့လည်(၁)နာရီတွင် ရောက်ရှိခဲ့ပြီး မိုင်းယုတံတားကြံ့ခိုင်မှု အခြေအနေ အား တံတားအထူး(၁၂)မှ ကျွမ်းကျင်အင်ဂျင်နီယာများတိုင်းတာ စစ်ဆေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး