ကျိုင်းတုံ ဇူလိုင်-၁၅
ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ ) ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ( ၁၅ )ရက် နေ့လည်(၂) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အစည်းအဝေးအမှတ်စဉ် ( ၅/ ၂၀၂၅ ) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် အမှုတွဲ (၄) တွဲနှင့်စပ်လျဉ်းပြီး အမှုတွဲတစ်ခုချင်းအလိုက် သက်ဆိုင်သည့် ဌာနဆိုင်ရာများအား အလှည့်ကျခေါ်ယူတွေ့ဆုံခဲ့ပြီး ဌာနအလိုက် တင်ပြချက်များအပေါ် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း နှင့် အဖွဲ့ဝင်များသည် ပေါင်းစပ် ညှိနှိုင်းခြင်း၊ အဆုံးအဖြတ်ပေးခြင်းများပြုလုပ်ခဲ့ ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး