
တောင်ကြီး ဩဂုတ်-၁၀
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၆)ရပ်ကွက်နှင့်အမှတ် (၁၀)ရပ်ကွက်အတွင်းရှိ မြေဧရိယာ (၁၁၇)ဧကအား ဩဂုတ်လ(၁၀) ရက်၊ နေ့လည်(၁)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အတွင်းရေးမှူး၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လိုက်ပါ၍ လိုအပ်သည်များဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး