
ကျိုင်းတုံ ဇွန်-၂၃
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )ရုံး၊ အစည်းအဝေးခန်းမတွင် ဇွန်လ(၂၃ ) ရက် နေ့လည် ( ၂ ) နာရီ၌ ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများ၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၃/ ၂၀၂၅ ) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )၊ အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်း သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆိုင်ရာ များအား ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးတင်ပြခြင်းတွင် ဖြည့်စွက်တင်ပြလို သည့်အချက်များအား သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )၊ အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်း မှ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး