ဟိုပုံး မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးပွား ရေးစီမံ ကိန်း အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနား ကို မတ်လ(၁၄)ရက် နံနက် ၁၀နာရီအချိန်က ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာ စေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ‌ငွေ ကျပ်သန်း (၆၀)ဖြင့် ကျေးရွာ(၆)ရွာကို သင်တန်းသား/သူ စုစုပေါင်း(၇၀)ဦးနဲ့ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ဟိုပုံးမြို့နယ်အတွင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်း(၁)ခု မှာရှိတဲ့ လုပ်ငန်းထူ ထောင်မည့် ထူးချွန်သင်တန်းသား/သူ(၅)ဦးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်း (၃)မျိုး၊ အရေအတွက် (၁၅)ခုအား ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယခုလိုကျပ်(၁၀)သိန်းနဲ့ ညီမျှတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်ခြင်းသည် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းငယ်များ စတင်ထူထောင်ရာမှာ အဓိကအတားအဆီးဖြစ်တဲ့ ရင်းနှီးမတည်ငွေအထောက်အပံ့ အခက်အခဲကို ကျော်လွှားစေချင်တာပဲဖြစ်ပါကြောင်း၊ ယခုလို MSME လုပ်ငန်းများကို အားပေးမြှင် တင်ဆောင်ရွက်ပေးလျှက်ရှိရာ မိမိနယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရေးစီမံကိန်းလုပ်ငန်း များ အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ စီမံကိန်းအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက မိမိတာဝန်ယူထားတဲ့လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက် ရန်လိုအပ်ပြီး လုပ်ငန်းစတင်ထူထောင်သူများအနေဖြင့်လည်း လေ့လာသင်ယူထားတဲ့ အတတ်ပညာ အရင်းအမြစ်များကို ထိရောက်စွာ အကျိုးရှိရှိ အသုံးချသွားရန်ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများအား ကျောက်တန်းခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး