ဟိုပုံး မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နွေရာသီ၌ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၁၀၉.၃၄)သန်းဖြင့် ဆောင်ရွက်သည့် တောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် တိုးချဲ့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုကို မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက နွေရာသီတွင် ရေပြတ်လပ်မှု များဖြစ်ပေါ်လျက်ရှိသည့် တောင်ရပ်ကွက်၊ နယ်မြေ(၁) တိုးချဲ့(၃)(၄) ရေလုံလောက်စွာဖြန့်ဝေပေး နိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၁၀၉.၃၄)သန်းဖြင့် ဆောင်ရွက်သည့် ရေကြည်(၇)ပေါက် ရေထွက်မှ ဂါလံ(၃၀၀၀၀)ဆံ့ အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၈ပေ ၆လက်မ)ရှိ ရေစုကန် တည်ဆောက်ခြင်း၊ ရေကြည်(၇)ပေါက်မှ တောင်ရပ်ကွက်၊ နယ်မြေ(၁) တိုးချဲ့(၃)(၄) အထိ မိုင်(၁.၆၆)ရှိ ဂါလံ(၃၀၀၀၀)ဆံ့ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ဂါလံ(၃၀၀၀၀)ဆံ့ရေ စုကန်မှ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် AA & H Power ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး