ဟိုပုံး မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်လ(၁၁)ရက် နံနက်(၉)နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာနများတွင် မြန်မာစာဘာသာ ရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၇၄၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဟိုပုံးမြို့နယ်တွင် စာစစ်ဌာနတစ်ခုတည်းရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား (၁၇၄)ဦး၊ ကျောင်းသူ(၃၂၈)ဦး စုစုပေါင်း (၅၀၂)ဦး၊ ဖြေဆို ကျောင်းသား(၁၆၇)ဦး၊ ကျောင်းသူ(၃၁၇)ဦး စုစုပေါင်း(၄၈၄)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၆.၄၁)ရာခိုင်နှုန်းဝင်ရောက်ဖြေဆိုပြီး ဟိုပုံးမြို့ အ.ထ.က(၂) စာစစ်ဌာနတွင် ဆီဆိုင်မြို့နယ်မှ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က (ဆီဆိုင်)၊ အ.ထ.က (ဘန်းယဉ်)၊ အ.ထ.က(ဆိုက်ခေါင်)နှင့် အ.ထ.က(ထမ့်ယမ်း) စာစစ်ဌာနတို့မှ စာရင်းရှိ ကျောင်းသား(၁၂၈)ဦး၊ ကျောင်းသူ(၂၆၃)ဦး စုစုပေါင်း (၃၉၁)ဦး၊ ဖြေဆို ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ(၁၇၃)ဦး၊ စုစုပေါင်း(၂၆၄)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၃၂.၄၈)ရာခိုင်နှုန်း နှင့် ပင်လောင်းမြို့နယ်တွင် စာစစ်ဌာန(၇)ခုရှိ စာရင်းရှိ ကျောင်သား(၃၄၂)ဦး၊ ကျောင်းသူ(၆၇၅)ဦး စုစုပေါင်း(၁၀၁၇)ဦး၊ ဖြေဆိုကျောင်းသား(၃၃၀)ဦး၊ ကျောင်းသူ(၆၆၆)ဦး၊ စုစုပေါင်း(၉၉၆)ဦး ရာခိုင်နှုန်းအားဖြင့်(၉၈)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။ အဆိုပါစာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး