ဟိုပုံး ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဖေဖော်ဝါရီလ(၂၇)ရက်နံနက် ၈ နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူး မောင်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာများမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အတွင်းရှိ လူစည်ကားရာနေရာများ ၊ လမ်းဆုံလမ်းခွများရှိ ခရီးသွားပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်ရေ(၃၀၀)စောင်အား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်းများ၊ စိုးရိမ်ရန်မလို သည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ် ၊ စစ်မှုထမ်းရန်ကာလနှင့် ကင်းလွတ်ခွင့်ပြုခြင်းခံရသူများ စသည့်အချက်များ ပါဝင်ပြီး ကျန်ရှိသည့်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး