ဟိုပုံး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျွဲ၊ နွား အခြေခံမွေးမြူရေးပညာပေးသင်တန်းကို ဖေဖော်ဝါရီလ၁၃ရက် နံနက် ၉ နာရီအချိန်က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာပြုလုပ်ခဲ့ကြသည်။
သင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နီနီဝင်းကအဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ သီဟထွန်းက ကျွဲ၊ နွားများစနစ်တကျမွေးမြူတတ်လာစေရန်၊ လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ပြောင်းလဲမွေးမြူစေရန်၊ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများပိုမိုသိရှိလာစေရန်၊ တိရစ္ဆာန်အညစ်အကြေး(နွားချေး)ဖြင့် သဘာဝမြေဩဇာများ ပိုမိုရရှိလာနိုင်စေရန်၊ ကျွဲ၊ နွားမွေးမြူခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့‌နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နီနီဝင်းနှင့် မြို့နယ်မွေးမြူ ရေးနှင့်ကုသ ရေးဦးစီးဌာန ဒေါက်တာ သီဟထွန်းတို့က ကျွဲ၊ နွားမွေးမြူကြသည့် တောင်သူများအား တိရစ္ဆာန်အစာ ပင်စိုက်ပျိုးရန်အတွက် မန်ရေးဗားမြက်မျိုးများအခမဲ့ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်း သား၊ သင်တန်းသူ(၂၀)ဦးဖြင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်းနှင့် တောင်သူများ အား ကျွဲ၊ နွားမွေးမြူရေးနှင့် တိရစ္ဆာန်ကူးစက်ရော ဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး