
ဟိုပုံး ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း(ဖိတ်ခေါ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ၁၂ရက် မွန်းလွဲ(၂)နာရီအချိန်က ဟိုပုံးမြို့၊ မြို့မ အားကစားကွင်းတွင် ပြုလုပ်သည်။
ဗိုလ်လုပွဲစဉ်တွင် ကံတက်ဘောလုံးအသင်းနှင့် လုံးတန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံဘောလုံး ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဗိုလ်လုပွဲစဉ်တွင် ကံတက်ဘောလုံး အသင်းနှင့် လုံးတန်ဘောလုံးအသင်းယှဉ်ပြိုင်ကစားကြရာ ကံတက်ဘောလုံးအသင်းက လုံးတန် ဘောလုံးအသင်းကို ၂ဂိုး၀ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်က ကျန်းမာရေးအဖွဲ့များကို ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ခဲ့ကြသည်။ ထို့နောက် နေရာအလိုက်အားကစားသမားများအားပေးအပ်ရာ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဌေးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်တို့က ဂိုးသမား အကောင်းဆုံးအား ကစားသမားဆု၊ နောက်တန်း အကောင်းဆုံးအား ကစားသမားဆု၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်း အကောင်းဆုံးအားကစားသမားဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံးအား ကစားသမားဆုတို့ကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ဒုတိယဆုရရှိသော လုံးတန်ဘောလုံံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ဒုတိယဆုရရှိသော လုံးတန်ဘောလုံးအသင်းအား ငွေသားကျပ်(၇)သိန်းနှင့် ဒုတိယဆုဖလားကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က ပထမဆုရရှိသော ကံတက်ဘောလုံး အသင်းအား တစ်ဦးချင်းဆု တံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပထမဆုရရှိသော ကံတက်ဘောလုံးအသင်းအား ငွေသားကျပ်(၁၀)သိန်းနှင့် ပထမတံခွန်စိုက်ဖလားကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ ကြောင်းသိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ အသင်းပေါင်း(၃၆)သင်း ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၂)အထိ ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး