
ဟိုပုံး ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဖေဖော်ဝါရီလ (၄)ရက်နေ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာ ကျော်နှင့် အဖွဲ့ဝင်များက စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် ပစ္စည်းထည့်ရန် ပလတ်စတစ်ပုံး၊ ပလတ်စတစ်စားပွဲများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိ ရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး