ဟိုပုံး ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာသင်ဝိုင်းသင်ကြားနေမှုအားကြည့်ရှုအားပေးခြင်းကို ဖေဖော်ဝါရီ (၁)ရက် ညနေ(၅) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ထီကတူးကျေးရွာ၊ ထီဗွာကျေးရွာ၊ စခွီကျေးရွာ ရန်ကင်းကျေးရွာနှင့် ဝါးဆို့ကျေးရွာတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ် မြောက်ရေးနှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်နိုင် ရေး၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ပူပေါင်းပါဝင်မှုဖြင့် ဒေသအလိုက်စာတတ်မြောက်မှုနှုန်းတိုးတက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှုစွမ်းရည်သာမက နိုင်ငံသား ကောင်းအခြေခံအလေ့အကျင့်များပိုမိုရရှိလာနိုင်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပညာရယူရန် ကိရိယာတစ်ခုဖြစ်သော အရေးအဖတ်တို့အတွက် အခြေပြုသင်ကြားပေးခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းပြီး လူမှုဘဝမြင့်မားစေရေးအတွက် အသိပညာပေးခြင်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ရေး၊ ဒေသအတွင်းမှ အခြေခံ ပညာအထက်တန်းအဆင့်နှင့် အထက်ရှိဒေသခံစေတနာလုပ်အားပေးများ၊ ရပ်ရွာရှိ လူမှုရေးအသင်း အဖွဲ့များနှင့် အခြေခံပညာမှဆရာ/ဆရာမများ၏ လုပ်အားဖြင့် ဒေသအတွင်း အခြေခံ စာတတ်မြောက်မှုနှုန်းကို တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာရေးစသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီးဆရာ၊ ဆရာမများက စာသင်သားတို့ကိုစနစ်တကျသင်ကြားပေးနေမှုအား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာ‌ရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီးနောက် Solar မီး၊ LED မီးလုံးများနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာသင်ဝိုင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၂၂ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ(၂၁)ရက်နေ့အထိ ပေါင်လင်းကျေးရွာအုပ်စုမှ ဒုံမေးခိုးကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ လွယ်အွန့်ကျေးရွာအုပ်စုမှ ထီကတူးကျေးရွာ၊ ထီဗွာကျေးရွာ၊ စခွီကျေးရွာ၊ ရန်ကင်းကျေးရွာနှင့် ဝါးဆို့ကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး