ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၁၈ ရက် နံနက် (၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်မကြီး ဒေါ်တင်တင်အေး တို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ဘင်ခရာအဖွဲ့မှ သရုပ်ပြ တီးခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် “ဧကာဒဿမတန်း”မှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေ ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ဟိုပုံးမြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် ကျောင်းကော်မတီများကိုယ်စား ဦးခွန်မြင့်သိန်းတို့က အမှာစကားပြောကြားပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
၎င်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade အသီးသီးတွင် ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြပြီး ကပြဖျော်ဖြေတင်ဆက်ပေးသည့် အကအဖွဲ့များ အား တာဝန်ရှိသူများတို့က ဆုများ ပေးအပ်ကြသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ဒေသအဆင့် မြို့နယ်အဆင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/မများတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ခံ ရသော ကျောင်းသား/သူများ၊ ကျောင်းတက်မှန်ဆု ရရှိသော ဆရာမများအားလည်းကောင်း ၊ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲ တွင်ဆုရရှိသည့် ကျောင်းသား/ သူများအားလည်းကောင်း၊ ဘင်ခရာနည်းပြ အထက်တန်းကျောင်းအုပ် ဆရာကြီး(ငြိမ်း) ဦးစိုးပိုင်အားဂုဏ်ပြုဆုအားလည်းကောင်း ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆရာ/မများ အားမာန်ဆုအား လည်းကောင်း၊(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ စသည့်စာပေ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade အသီးသီးတို့တွင် ပညာရည်ချွန်ဆုရှိသော ကျောင်းသား/သူများအားလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိုကိုလင်း၊ ဒေသအဆင့်/ မြို့နယ်အဆင့် ပညာရေးဌာန မှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး