ဟိုပုံး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ “ပညာရေးစုံညီပွဲတော်ဆီ” သီချင်းဖြင့် သီဆိုင်ဖျော်ဖြေခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက အမှာစကားပြောကြားရာတွင် “နိုင်ငံတော်က ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုပြီး ရည်ရွယ်ချက်ထားရှိကာ အကောင်အထည်ဖော်နေတဲ့ အချိန်မှာ ခုလိုထူးချွန်ထက်မြက်တဲ့ကျောင်းသား၊ ကျောင်းသူများကို တစ်စုတစ်စည်းတည်း တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းတွေ့မြင်ရတဲ့အတွက် အလွန်ပဲဝမ်းသာကျေနပ်ပီတိဖြစ်ရပါကြောင်း၊ ဒီနေ့ပညာရေးစုံညီပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘစုံညီစွာတွေ့ဆုံကြပြီး စည်းလုံးညီညွတ်စွာနဲ့ ပညာရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ဖို့ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုး တက်တယ်ဆိုတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်း ဆိုင်ရာဖွံ့ဖြိုးမှု၊ ဉာဏပိုင်း ဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု စတဲ့ ဖွံ့ဖြိုးမှု(၅)ရပ်နှင့် ပြည့်စုံတဲ့ ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးဖို့လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ပညာရေးစုံညီပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းတက်မှန်ဆုရရှိသော ဆရာမများကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသူများ၊ ပြည်နယ်အဆင့် အားကစားဆုရရှိသူများနှင့် စံပြကျောင်းသားဆုရရှိသူကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ကျောင်းသား/ သူများက အကပဒေသများဖြင့် ကပြဖျော်ဖြေသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ပညာရေးစုံညီပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်း ကောင်းဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော် ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-11 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-10 ပထမနှစ်၊ စက်မှု ဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းတက်မှန်ဆုရဆရာမများကိုလည်း ကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-10 ပထမနှစ်၊ စိုက်ပျိုးရေးဘာသာရပ်အထူးပြုနှင့် မွေးမြူရေးဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 နှင့် Grade-7 စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-6 နှင့် Grade-5 စာမေးပွဲအောင်မြင်သော ကျောင်းသား /သူများ ကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-4 နှင့် Grade-3 စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-2၊ Grade-1နှင့် KG စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများကိုလည်းကောင်း၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ပညာရေးစုံညီပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း ဆုများသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ အလားတူ ဟိုပုံးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ပညာရေးစုံညီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
