ဟိုပုံး ဒီဇင်ဘာ ၆
တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင် သည့် အားကစားလှုပ်ရှားမှုများပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒီဇင်ဘာလ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကို ဒီဇင်ဘာ ၆ရက် နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ရှေ့မှစတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness dance အကများဖြင့် ပါဝင်ဆင်နွှဲခဲ့ ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
