
ဟိုပုံး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို အောက်တိုဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိ တတပ်ဦးကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိရာ အလှူရှင်များကလည်း လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများလာရောက်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များ၊ စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များက ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ဥပစာတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၁၀၀)ပါး၊ မူလတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၉၃)ပါး၊ ပထမဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၁၄၄၄)ပါး၊ ဒုတိယဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၆၉၆)ပါး၊ တတိယဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၂၃၉)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၇၇၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါစာမေးပွဲကို အောက်တိုဘာလ (၂၁)ရက်နေ့မှ အောက်တိုဘာလ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်နီး/ရပ်ဝေးမှ ဒေသခံပြည်သူများ လည်း အလှူငွေများဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့