
ဟိုပုံး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ရက် နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့် ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူများအားစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ စာပေလေ့လာဖတ်ရှု လူသားတိုင်းအတွက် ကောင်း ကျိုးပြု၊ ကံကောင်းစေဖို့ စာဖတ်စို့၊ စာဖတ်ခြင်းက စိတ်ဖိစီးမှုပြေပျောက်နိုင်၊ စာအုပ်စာပေမှရသော ပညာဉာဏ်အရောင်သည် အချိန်အခါမရွေးထွန်းလင်းတောက်ပနိုင်၊ သုတစာပေက အသိပညာ တိုးပွားပြီး တည်ကြည်ရင့်ကျက်ခြင်း၊ အတွေးအခေါ်များ ပိုကောင်းခြင်း၊ ရသစာပေက စိတ်နှလုံး ကို သိမ်မွေ့နူးညံ့စေခြင်း အကြောင်းအရာများကို ဟောပြောသည်။ ထို့နောက် အမှတ်(၁) အခြေခံ ပညာမူလတန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်းခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဥမ္မာချို၊ အမှတ်(၁) အခြေခံ ပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စိမ့်စိမ့်လျှံ တို့က ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိအမေး၊ အဖြေများဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး