
ပင်လောင်း စက်တင်ဘာ ၅
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု ကိုးကွေ့ကျေးရွာရှိ လမ်းအထူး(၁၃)အဖွဲ့ရုံးတွင် ပေါင်းလောင်းမြို့ မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်တင်ဘာလ၅ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ဩဂုတ်လ ၂၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှု ကြောင့် ဧဒင်ကျေးရွာ၌ ပျက်စီးသွားသည့်နေရာများအား ရေမြောင်းများတူးဖော်ခြင်း၊ ရွာလမ်းများ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါ၍ ဧဒင်ကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံးဝပျက်စီးသွားသည့်နေအိမ်(၇)လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် (၁၀)သိန်းနှုန်းနှင့် ဘိလပ်မြေအိတ်(၁၀၅)အိတ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် နေအိမ်(၃)လုံးအား တစ်အိမ်လျှင် ငွေကျပ်(၅)သိန်းနှုန်းနှင့် ဘိလပ်မြေ(၃၀)အိတ်၊ ဘေးသင့်ပြည်သူ ၄၀ ဦးအတွက် နှစ်ပတ်စာ စားနပ်ရိက္ခာအတွက် ငွေ ၅၆၇၀၆ဝိ/- ကျပ်အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ယင်းနောက် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ တီကျစ်ကျောက်မီးသွေးဝန်းအတွင်း တီကျစ် Potato Group ကုမ္ပဏီမှ တန် ၃၀၀၀ ဆံ့ အာလူးအအေးခန်းဆောက်လုပ်မည့် မြေနေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး