ဟိုပုံး စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်းပိုင်း)၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ စက်တင်ဘာ (၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ်အား ကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို စက်တင်ဘာ၅ရက် နံနက် ၉ နာရီက ဟိုပုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့၊ လမ်းဆုံ၌ ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ကို ကြိုဆိုသောအားဖြင့် “လေထုအရည်အသွေး ကောင်းမွန်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်စို့” ဆိုင်းဘုတ်အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်မင်းဦးနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးသာထွန်းတို့မှ ဦးဆောင်၍ ဆိုင်းဘုတ်အား စိုက်ထူးခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းနေသာလေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် (၅၀၀)စောင်အား ပတ်ဝန်ထိန်းသိမ်းရေးကော်မတီဝင်များက ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများနင့် ဒေသတွင်း သွားလျက်ရှိသော ခရီးသည်များအား ဖြန့်ဝေ ပေးခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ဖြစ်ပေါ် လာပုံနှင့် ရည်ရွယ်ချက်၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကို လျော့ချနိုင်သည့် နည်းလမ်းများ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ ဟိုပုံးမြို့ အမှတ်(၃) မူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ္မာ၍ ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား၊ သူများဖြစ်ပေါ်လာရေးနှင့် ဗလ(၅)တန်ဖွံ့ဖြိုး တိုးတက် စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လူငယ်နှင့် စာရိတ္တခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက လူငယ်နှင့် ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ရာ ဟိုပုံးမြို့၊ အမှတ်(၃) မူလတန်းလွန် ကျောင်း Grade – 8 မှ ကျောင်းသား/သူ (၈၀)ဦး တက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်စာစောင် (၁၂၀)အုပ်အား နယ်လှည့်ငှားရမ်းခြင်းနှင့် ပြသခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး