ဟိုပုံး ဩဂုတ်လ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ဩဂုတ်လ ၂၉ရက် နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခွန်စိန်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်လင်းကြည်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ထား သည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်( Mixed Member Proportional – MMP)ကို အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း၊ မဲပေးသည့်စနစ်ဖြစ်ပြီး ကြိုတင်မဲများမှလွဲ၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံများတွင် မဲပေးရာ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များဖြင့် ခလုတ်နှိပ်မဲပေးရ မည်ဖြစ်ကြောင်း၊ မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားစွဲဆို ခြင်းခံရနိုင်သည့် အချက်များ၊ ရွေးကောက်ပွဲကာလလုပ်ငန်းများ၊ MMP စနစ်၏ အားသာချက်များ၊ ကိုယ်စားလှယ်နေရာခွဲဝေတွက်ချက်မှုများကို ပရိုဂျက်တာဖြင့် သင်တန်းပို့ချပေးခဲ့ပြီး တက်ရောက်လာ သည့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်လင်းကြည်က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်‌ရောက်ခဲ့ကြောင်သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး