ဟိုပုံး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများကို ယနေ့ညနေ ၃ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် ကြိုဆိုခဲ့ကြသည်။
ထိုသို့ကြိုဆိုရာတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် အရာရှိကြီးများ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သား ကောင်းများအား အမွေးနံ့သာရည်များ၊ အောင်သပြေများဖြင့် လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်း သိရ သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘုရင့်နောင်ခန်းမတွင် တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးက ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီးနောက် စစ်ပစ္စည်းအသုံးအဆောင်များပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး