
ဟိုပုံး ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အငြိမ်းစားမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက လူပုဂ္ဂိုလ် မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာ အသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) Smart Card ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ မြန်မာ့စီးပွားရေး ဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) မိဘပြည်သူများအား Biometric(UID)ကဒ် ကွင်းဆင်းဆောင်ရွက် ပေးရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Biometric (UID) Smart Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်း မိဘပြည်သူများအား ဆိုရှယ်မီဒီယာ Facebook Page တွင် ကြိုတင်အသိပေးကြေညာခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် နှိုးဆော်ပန်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အငြိမ်းစားမိဘပြည် သူများက လာရောက်ပြုလုပ်ကြသည်။
UID (Unique Identity) Smart Card ပြုလုပ်ရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်ကတ်၊ မှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုဇယား မိတ္တူ လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ Biometric(UID)ကဒ် ကွင်းဆင်းဆောင်ရွက်သည့် နေရာသို့ မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်မန်နေဂျာ ဦးသိန်းထွန်းရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးကြည်လွင်တို့က လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး