တာချီလိတ် အောက်တိုဘာ ၂၂
၂၀၂၆ ခုနှစ်တွင် တာချီလိတ်မြို့အား ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် သတ်မှတ်ယှဉ်ပြိုင်မည့်ကိစ္စနှင့်ပတ်သက်၍ ဆုစိစစ်ရွေးချယ်ရေးအခမ်းအနားကို အောက်တိုဘာလ ၂၂ ရက် နံနက် ၉နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ထွေ/အုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(မြို့၊ ကျေးရွာ)အား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌ၊ (ပစခ၊ ဥက္ကဌ) ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(မြို့၊ ကျေးရွာ)အား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌ(ပစခ၊ ဥက္ကဌ) ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ၊ ဦးကျော်စွာမျိုး မှ တာချီလိတ်မြို့အား ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့အဖြစ် ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားသည့် Criteria & Indicator များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကဏ္ဍ တစ်ခုချင်းအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြပြီး‌နောက် တက်ရောက်လာသည့် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့များနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့