ပင်းတယ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့ ၊ ဆူးဗိုလ်ကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ၁၂ရက် နံနက် ၉ နာရီခွဲအချိန်က ပညာရည်ချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ” လူငယ်စွမ်းရည် ” တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်သည်။ထို့နောက်ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပေးပြီး၊ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ G -12 လူရည်ချွန်ဆု၊ရှမ်းပြည်နယ်အဆင့်တွင်ဆုရရှိခဲ့သူစန္ဒာရားအတီးရွှေတံဆိပ်ဆု၊ပတ္တလားဂုဏ်ပြုဆုနှင့်မြို့နယ်အဆင့််အင်္ဂလိပ်စာစွမ်းရည်ဆုရသူ ကျောင်းသား/ကျောင်းသူတို့ကို ဆုများချီးမြှင့်ပေးသည်။
ထိုနောက် ဒေသပညာရေးမှူးရုံး၊မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဆက်လက်အမှာစကားပြောကြားသည်။ ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးမှ ကျောင်း၏အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောကြားကာ ကျေးဇူတင်စကားပြန်လည်ပြောကြားသည်။
ယနေ့တွင်ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆုဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင်G-12လူရည်ချွန်ဆု၊ရှမ်းပြည်နယ်အဆင့်တွင် ဆုရရှိခဲ့သူစန္ဒာရားအတီးရွှေတံဆိပ်ဆု၊
ပတ္တလားဂုဏ်ပြုဆုရရှိခဲ့သူများ၊ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသူများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသူ ကျောင်းသား/ကျောင်းသူ (၅၇)ဦး၊မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ဆုရသူ ကျောင်းသား/ကျောင်းသူ(၃)ဦး၊ထက်/လယ်/မူ အဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအားဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရပြီး၊အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများနှင့်ဓနုတိုင်းရင်းသားတေးသံရှင်ဒီနေရှင်းတို့မှတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
