
ပင်းတယ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့ မြန်မာ့စီးပွားရေး ဘဏ်၌အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏သက်ပြည့် ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအားလစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁) ရက်နေ့ မှစတင် ထုတ်ပေးလျက်ရှိရာ ယနေ့တွင်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကိုထုတ်ပေးနေကြောင်းသိရသည်။
ပင်စင်လစာငွေများအား မိမိကိုယ်တိုင်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်းတို့၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား လာရောက်ထုတ်ယူ နိုင်ကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့်ယခုလအထိ ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားစုစုပေါင်း (၇၂၅)ဦးရှိကြောင်းမြန်မာ့စီးပွားရေးဘဏ်နေဂျာထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့