‎ပင်းတယ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ ပူးပေါင်း၍ နိုဝင်ဘာလ၁၄ရက်နေ့ တွင် ကျရောက်မည့် (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က အော်ယောရပ်ကွက် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ ကျောင်းသူများအား(၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများနှင့် အားလပ်သည့်အချိန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ထားရှိကြရန်၊ ဗဟုသုတပိုမို ကြွယ်ဝလာစေရန် ကျောင်းစာအပြင်ပြင်ပစာပေများကိုလည်းလေ့လာဖတ်ရှုကြစေလိုကြောင်းစသည်ဖြင့်အသိပညာပေးဟောပြောပြီး၊လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ” ၊မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ” ပလတ်စတစ်အန္တရာယ်ညစ်ညမ်းမှု ” နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ” သဘာဝဘေးအန္တရာယ် “အကြောင်းတို့ကိုသက်ဆိုင်ရာအလိုက် video clips များကိုပြသပေးကာ အသီးသီး အသိပညာပေးဆွေးနွေးပြောကြားသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများမှ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး