
ပင်းတယ ဩဂုတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ( U -12 ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအ ၃ နာရီအချိန်က အမက(၃)ငှက်ပျောတော အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသည့် မိုင်းလီဇုန်အသင်းနှင့်ရွှေပုထိုးဇုန်အသင်းတို့မှ ကွင်းအတွင်းနေရာယူပြီး ယှဉ်ပြိုင်ကစားကြရာ မိုင်းလီဇုန်အသင်းက ရွှေပုထိုးဇုန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့နောက် ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများမှပြိုင်ပွဲတစ်လျှောက်အသန့်ရှင်းဆုံးဆုရဘောလုံးအသင်း၊နှစ်သိမ်ဆု၊
တတိယဆု၊ရှေ့တန်းအကောင်းဆုံးဆု၊ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊အကောင်းဆုံးဂိုးသမားဆု၊နောက်တန်းအကောင်းဆုံးအားကစားသမားဆုနှင့်အလယ်တန်းအကောင်းဆုံးဆုများနှင့်ပထမဆုရအသင်းအားဂုဏ်ပြုဆုငွေ၊ဆွဲပြားနှင့်ဒိုင်းဆုတို့ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ အသက်၁၂ အောက် ဘောလုံးပြိုင်ပွဲအား ဩဂုတ်လ ၆ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိကျင်းပပြုလုပ်ပေးခဲ့ကြောင်းနှင့်၎င်းအားကစားပြိုင်ပွဲသို့ဇုန်အလိုက် အသင်းပေါင်း စုစုပေါင်း(၈)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး