ပင်းတယ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ပြန်ကြားရေး‎နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး   စက်တင်ဘာ ၁၁ရက် နံနက် ၉ နာရီခွဲ အချိန်က ပင်းတယမြို့၊ ငှက်ပျောတောရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတွင်လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
‎ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်း‎တယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများကို‎မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပေးသည်။ထို့‎နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးကိုလည်းကောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးကြိုးဘေးနှင့်င‎လျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အ‎ရေးဆိုင်ရာ ဥပဒေနှင့်သက်ဆိုင်သည့်အကြောင်းအရာ အသိပညာပေးများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြပြီး၊အသိပညာပေး Video Clips များအားပြသပေးခဲ့ကြောင်း သိရသည်။
‎အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် အသိပညာပေး နံရံကပ်စာစောင်တို့ကို ပြသပေးခဲ့ရာကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး