
ပင်းတယ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီးလူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) ” ပညာ့ရောင်ခြည် ” ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများကိုမူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိ
ပညာပေးရှင်းလင်းပြောကြားပေးသည်။ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် သိကောင်းစရာ အသိပညာပေးကိုလည်းကောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးနှင့်ပတ်သက်၍အသိပညာပေးပြောကြားပေးကြရာ အခမ်းအနားသို့တက်ရောက်လာကြသူများမှသိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။အခမ်းအနားအပြီးတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့နှင့်သက်ဆိုင်သည့် အသိပညာပေး နံရံကပ်စာစောင်တို့ကိုပြသပေးခြင်း၊သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး