ပင်းတယ နိုဝင်ဘာ ၁၀
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသဦးစီးအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)‎တွင် နိုဝင်ဘာလ၁၀ရက်နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ပညာရေးဘွဲ့ (B.ed) (၅)‎နှစ်သင်တန်းအမှတ်စဉ်(၁၃)နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း) ပထမနှစ် ဝိဇ္ဇာ၊သိပ္ပံနှင့်AGTIဒီပလိုမာသင်တန်းများသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူ‎များနှင့်တွေ့ဆုံပွဲ အခမ်းအနားကိုကျင်းပပြုလုပ်‎ခဲ့ကြောင်း သိရသည်။‎
‎ရှေးဦးစွာအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်‎ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အဖွဲ့ဝင်(၂)ဗိုလ်မှူးရာဇာငြိမ်းချမ်းမှအဖွင့်အမှာစကားပြောကြားပေးသည်။ ထိုနောက်ဒေသပညာရေးမှူးက ပြည်‎ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး‎တက္ကသိုလ်၊ပညာရေးဘွဲ့ (B.ed) (၅) နှစ် သင်‎တန်းအမှတ်စဉ် (၁၃) သင်တန်းသို့တက်ရောက်‎မည့် သင်တန်းသား/သင်တန်းသူများအား စည်း‎ကမ်းချက်များကိုလည်းကောင်း၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်း‎ကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ပြည်ထောင်‎စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီ‎ဂရီကောလိပ်ပထမနှစ် (ရန်ကုန်နှင့်စစ်ကိုင်း)သင်‎တန်းသို့တက်ရောက်မည့် သင်တန်းသား/သင်‎တန်းသူများအား စည်းကမ်းချက်များကို အသီး‎သီးရှင်းလင်းပြောကြားပေးသည်။‎
‎ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများမှ မိတ်ဆက်စကားပြောကြား၍ ဓနုကိုယ်ပိုင်အုပ်‎ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အဖွဲ့ဝင်(၂) မှလမ်း‎ညွှန်အမှာစကားပြောကြားခဲ့ကြောင်းနှင့်အဆိုပါ‎သင်တန်းသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအ‎တွင်းမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၆၅) ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း‎သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး