
ပင်းတယ စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅ – ၂၀၂၆ဘဏ္ဍာနှစ်၊လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်လစာငွေအား အသက်၈၅ နှစ်အထက် အဘိုးအဘွားများကို တစ်လ(၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ်ပေးအပ်ရာဧပြီလမှ စက်တင်ဘာလအထိ နှစ်ကြိမ်စာ အဘိုး ၁၀၄ ဦး၊အဘွား ၁၅၆ ဦး၊စုစုပေါင်း ၂၆၀ ဦးတို့အတွက် လူမှုရေးပင်စင်လစာငွေ စုစုပေါင်းငွေကျပ်( ၁၅,၃၉၀,၀၀၀ ) တစ်ရာငါးဆယ့်သုံးသိန်းကိုးသောင်း ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး