ပင်းတယ ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့၊အားကစားနှင့်ကာယပ‎ညာဦးစီးဌာန၊မြို့မအားကစားကွင်းတွင် ယမန့်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေး‎နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ‎အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအ
‎ခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
‎ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ‎တီဥက္ကဌဦးထိန်လင်းအောင်က အဖွင့်အမှာစ‎ကား ပြောကြားပေးသည်။ထို့နောက်စစ်ကြောင်း‎မှူးမှ ဦးဆောင်၍အားကစားသမားများက အား‎ကစားသစ္စာအဓိဌာန်ကိုရွတ်ဆိုကြပြီး စစ်‎ကြောင်းပုံစံဖြင့်အလေးပြုပြီးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ဆက်လက်၍အထ‎က၊ပင်းတယနှင့်အထကကြိုသက် ကျောင်းသား‎/ကျောင်းသူများက ” မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ” တေးသီချင်းဖြင့်လည်းကောင်း၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်း‎သူများက ” သွေးကြောထဲက အားမာန် ” တေး
‎သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
‎ ယင်းနောက် ပထမပွဲစဉ်အဖြစ် တောင်ပေါ်ကြီးဇုန်ဘောလုံးအသင်းနှင့်ပွေးလှဇုန်‌ဘောလုံအ‎သင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ ‌ပွေးလှဇုန်အ‎သင်းက တောင်ပေါ်ကြီးဇုန်အသင်းကို ငါးဂိုး ဂိုး‎မရှိဖြင့်အနိုင်ရခဲ့ကြောင်း သိရကာ အဆိုပါဘော‎လုံးပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့မှ ဩဂုတ်‎လ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်
‎ဖြစ်ပြီး၊၎င်းဘောလုံးပြိုင်ပွဲတွင်အမျိုးသားဇုန်အလိုက် (၈)သင်းနှင့်အမျိုးသမီးဇုန်အလိုက် (၈)‎သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း‎အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာ‎ရှိ ဦးကျော်သီဟဦးထံမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့