‎ပင်းတယ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာ အခြေခံ‎ပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပင်းတယမြို့နယ်၊သစ်တောဦးစီးဌာနမှူးဦးခန့်မင်းမော်က သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင်မီးခိုးမြူငွေ့လျော့ချရေးဆိုင်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပေးသည်။ ထိုနောက် အခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးကြပြီး၊ ဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးခဲ့ကြသူများကိုအမှတ်တရဆုလက်ဆောင်များကို ချီးမြှင့်ပေးခဲ့ကြောင်းနှင့်သစ်တောဦးစီးဌာနမှ ပျိုးပင်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ‌ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၆၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး