
ပင်းတယ ဩဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီးလူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၀ရက်နံနက် ၉ နာရီက ဝါးပြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများကိုမူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပေးသည်။ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် သိကောင်းစရာအသိပညာပေးကိုလည်းကောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးနှင့်ပတ်သက်၍လည်းကောင်း၊လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးတို့ကို အသီးသီးအသိပညာပေးပြောကြားပေးကြရာ အခမ်းအနားသို့တက်ရောက်လာကြသူများမှသိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသပေးခြင်း၊သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက်ပင်းတယမြို့နယ်၊ပွေးလှကျေးရွာ၊မြို့တောင်ကျောင်းတိုက်တွင် MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးသည်။ထို့နောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ(MEVM)( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌမှ ဆက်စပ်သည့်ဌာနဆိုင်ရာများနှင့်ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် ပွေးလှကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့လူမှုဝန်ထမ်းဦးစီးဌာနမှပင်းတယမြို့နယ်သိမ်ကုန်းကျေးရွာအုပ်စု၊ကုန်းစောင်းကျေးရွာနှင့်အုံအက်ကျေးရွာများတွင်၂၈−၇−၂၀၂၅ရက်နေ့တွင်ဖြစ်ပွားခဲ့သောမိုးရွာသွန်းမှုများခဲ့ပြီး၊ တောင်ကျရေစီးဆင်းမှုကြောင့် ရေဘေးရှောင်များထဲမှ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊မသန်စွမ်းသူများနှင့်အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ကုန်းစောင်းကျေးရွာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပင်းတယမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးအောင်နိုင်ဦး၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပေးအပ်ကြရာ ကုန်းစောင်းကျေးရွာနှင့်အုံအက်ကျေးရွာရှိပြည်သူများကလက်ခံရယူခဲ့ကြောင်းနှင့်ရေဘေးရှောင်ပြည်သူများထဲမှ ထိခိုက်လွယ်အုပ်စုဝင်များ၏ အကျိုးခံစားခွင့်တစ်ဦးကို ( ၃၀၀၀၀ )ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၁) ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၆၃၀၀၀၀ )အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး