ပင်းတယ ဩဂုတ် ၂၁
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကူးကော်‌ကျေးရွာ‎အုပ်စု၊ဝါးပြားကျေးရွာရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ(၂၁)ရက် နံနက် ၉ နာရီက ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံ‎ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီးကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် လူငယ်စကားဝိုင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်ကြီးကြပ်ရေးကော်မတီဥက္က‎ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပေးသည်။ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်နှင့်မြို့နယ်ပညာရေးမှူးကိုယ်စား တာဝန်ရှိသူတစ်ဦးတို့မှ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရပေးခြင်း၏ ရည်ရွယ်များအားပြောကြားပေးကြပြီး၊ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်‎ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ကြည်ဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဝါးပြားကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ Grade -10နှင့်Grade – 11 ကျောင်းသား/ကျောင်းသူများက “လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊‎လူငယ်နှင့်မူးယစ်ဆေးဝါး၊လူငယ်နှင့်အားကစား၊လူငယ်နှင့်စာရိတ္တအစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြကြောင်း‎သိရသည်။
‎ထို့နောက် ပင်းတယမြို့နယ်၊ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် နံနက် ၁၀ နာရီက‎အာဟာရရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲ ကို‎ပြုလုပ်ခဲ့ကြောင်း သိရသည်။
‎ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ကိုယ်‎စား အဖွဲ့ဝင်ဒေါ်မျိုးမမခိုင်ကအဖွင့်အမှာစကားပြောကြားပေးပြီး၊မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်မှ ပြိုင်ပွဲကျင်းပေးရခြင်းရည်ရွယ်ချက်နှင့်ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် မိခင်နို့‎၏အရေးပါပုံ၊မိခင်လောင်းများ၊မိခင်များနှင့်ကလေးငယ်များအတွက်(4_Star) ဟုခေါ်သည့်အစာအုပ်စုလေးမျိုးပါဝင်အောင်မျှတးစွာကျွေး‎မွေးကြရမည်ဖြစ်ကြောင်း၊(4-Star) အစာအုပ်စုလေးမျိုးမှာ (၁)ထမင်း၊ဂျုံ၊ခေါက်ဆွဲ၊ပေါင်မုန့်‎(၂)ပဲအမျိုးမျိုး(၃)ဗီတာမင် A ပါဝင်သောဟင်းသီးဟင်းရွက်များနှင့်(၄)အသား၊ပဲ၊နို့ စသည်တို့ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဆုရရှိသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ဆေးရုံမှတာဝန်ရှိသူများမှ ဆုချီးမြှင့်ကြပြီး၊မိခင်နှင့်ကလေးများအတွက်ဗီတာမင်အားဆေးများပေးဝေခဲ့ကြောင်းနှင့်ပြိုင်ပွဲတက်ရောက်လာသောမိခင်များကို ”အာဟာရပြည့်ဝကျန်းမာဖို့ အစာမျိုးစုံစားကြစို့”” ဟူသည့် နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ တက်ရောက်လာကြသူ‎များမှ စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး