‎‎
‎ပင်းတယ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၃ရက် နံနက် ၉ နာရီက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြှင့်မားစေရေးနှင့်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊အဖွဲ့ဝင် (၃)ဦးကျော်ကျော်ဦးအဖွင့်အမှာစကားပြောကြားသည်။
‎ဆက်လက်၍ ပင်းတယမြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမို့မို့ကြည်မှနိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြှင့်မားစေရေးနှင့်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းပြောကြားပြီး၊တက်ရောက်လာကြသူများမှ အဆိုပါအသိပညာပေးဆွေးနွေးပွဲနှင့်ပတ်သက်၍အကြံပြုဆွေးနွေးတင်ပြကြရာတာဝန်ရှိသူများက ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး