
ပင်းတယ စက်တင်ဘာ ၁၂
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများသည် ရှားပြားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကာ ကျန်းမာရေးဌာနှင့်ပညာရေးဌာနတို့ ပူးပေါင်းကာ KG ကျောင်းသား/ကျောင်းသူများအား ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း၍ဉာဏ်ရည်မြှင့်မားတိုးတက်စေရန်အတွက် အစာအုပ်စု (၃)အုပ်စုနှင့်အညီ အဟာရကျွေးမွေးနေမှုတို့အားသွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊ရှားပြားကျေးရွာအုပ်စု၊ရှားပြားကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၁၂ရက် နံနက် ၁၀ နာရီက MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်း၊လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ရာယခုအခါ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး၊ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ( MEVM ) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်နိုင်ငံလုံးဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့အတူ ပင်းတယမြို့နယ်အနေနဲ့လည်း ပင်းတယမြို့နယ်အတွင်းရှိမဲရုံများတွင် ( MEVM ) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများကို သင်တန်းများဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ပါကြောင်းနှင့်ဒေသနေမိဘပြည်သူများ သိရှိနားလည်စေရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် (MEVM) မြန်မာ့အီလက်ထရောနှစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း စသည့်ဖြင့်ပြောကြားပေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားဟန့်တားဖျက်ဆီးခြင်းနှင်ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ရှားပြားကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ယင်းနောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး