‎‎
ပင်းတယ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ပေတွင် တည်ရှိပြီး နွေ၊ မိုး၊ ဆောင်းရာသီဥတုကို မျှတစွာ ရရှိသောတောင်ပေါ်ဒေသဖြစ်၍ အဆိုပါဒေသတွင် နေထိုင်သူအများစုမှာစိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ကြရာ ယခုအခါ ဆီထွက်သီးနှံ ဆီမှုံညှင်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။‎ ယခုလက်ရှိ ပင်းတယမြို့နယ်၌ ဆီမှုံညှင်းဆီ ဆယ်ပိဿာ တစ်ပုံးလျှင် ကျပ် ( ၁၆၀၀၀ဝိ/- ) မှ ကျပ် (၁၇၀၀၀ဝိ/-) ထိရရှိနေကြောင်းသိရပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူများမှာ  ဒေသရိုးရာ  အစားအစာများဖြစ်သည့် လက်ဖက် ၊ ဂျူး ၊ ပဲပုတ် လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ ၊ပြောင်ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး၊ အိမ်တွင်းမှုရိုးရာ လက်မှုပညာဖြစ်သော ထီး၊ ခမောက်၊ ရှမ်းစက္ကူလုပ်ငန်းများကိုလည်း လုပ်ကိုင်သည့်ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး