ပင်းတယ    ဒီဇင်ဘာ   ၁
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ်ရှိရပ်ကွက်များနှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့်မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ
‎တို့တွင်နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှအမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုအိမ်တိုင်ရာ‎ရောက်ကွင်းဆင်း၍   လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးနေ‎ကြောင်းသိရသည်။
‎ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဒေ‎မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်‎အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ရွေးကောက်‎ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိနှင့်တာဝန်ရှိသူများ၊‎မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်‎ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊‎ရပ်ကျေး/ကျေးရွာစာရေးများ၊ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေး‎ရွာများတွင် သတ်မှတ်စာရင်းပုံစံများဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ(၂၈)ရက်နေ့မှ ဒီဇင်ဘာ(၈)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး