ပင်းတယ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ တတိယပတ်အဖြစ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၀)ရက် နံနက် ၆ နာရီက ပင်းတယမြို့နယ်ဓမ္မာရုံမှ စတင်ကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ဒေသခံပြည်သူများစုပေါင်း၍ ပင်းတယမြို့နယ်ပြည်သူ့အားကစားကွင်းသို့ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြည်သူလူထုစုပေါင်းလမ်းလျှောက်ပွဲတွင်ပါဝင်ခဲ့ကြသူများမှမြို့နယ်ပြည်သူ့အားကစားကွင်းတွင်အားကစားမှူးနှင့် ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အကြောလျှော့ လေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါးစုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
