ပင်းတယ  စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊ကူးကော်ကျေးရွာ‎အုပ်စု၊ချုပ်ချက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ME‎VM ( မြန်မာအီလက်ထရောနစ်မဲပေးစက် ) ဆိုင်‎ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားနှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့‎ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
‎ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကား‎ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ရွေး‎ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ ME‎VM ( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပင်းတယ‎မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေ‎ထွေရွေးကောက်ပွဲအားဟန့်တားဖျက်ဆီးခြင်းနှင့်ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
‎‎ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ကူးကော်ကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ယင်းနောက် တက်ရောက်လာသည် ကူး‎ကော် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက  မိမိတို့၏ ဒေ‎သဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ‎သဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး