
ပင်းတယ စက်တင်ဘာ ၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကိုအဓိကထားပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့် ဒေသ တစ်ခုဖြစ်သည်။ ယခုအခါ မြေပဲစိုက်ခင်းများ စတင်နှုတ်ယူခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် ကဆုန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် နှုတ်ယူခူးဆွတ်ကြောင်း၊ ရရှိလာသည့် မြေပဲအား တောင်သူများ အနေဖြင့် မိမိတို့မိသားစုအတွက် ဟင်းချက်ရာတွင် အသုံးပြုကြပြီး၊ အချို့ကျ ပွဲစားလက်ဝယ်ထံသို့ ရောင်းချခြင်းဖြစ်ကြောင်း၊ ပင်းတယမြို့နယ်တွင် ယခုလက်ရှိ မြေပဲဆီ (၁၀) ပိဿာ တစ်ပုံးတွင် ကျပ်နှစ်သိန်းရှစ်ထောင်မှ သုံးသိန်းထိရောင်းချနေရကြောင်းသိရကာ ယခုနှစ်တွင် မြေပဲထွက်ရှိနှုန်းကျဆင်းနေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး