‎‎
‎ပင်းတယ ဇန်နဝါရီ ၁၃
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်ဂျင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိနေကြောင်းသိရသည်။
“ကျွန်တော်က ဂျင်းကို နှစ်စဉ်စိုက်ပျိုးပါတယ် ယခင်နှစ်က စျေးနှုန်းကျဆင်းခဲ့သည့်အတွက် ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘဲ ဂျင်းစိုက်ပျိုးစရိတ် မြင့်မားခဲ့မှုကြောင့် အရှုံးများခဲ့ပြီအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ ယခုနှစ်က ဂျင်းစျေးကွက် ပြန်လည်မြှင့်မားလာတဲ့အတွက် မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေရရှိသည့်အတွက် ဝမ်းသာပါတယ်”ဟု ဂျင်းစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပြသည်။
ပင်းတယမြို့နယ်တွင် ဂျင်းစိုက်ခင်းကို ကဆုန်လတွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လတွင် တူးဖော်ရောင်းချ၍ ယခုနှစ်ဂျင်းဥမကို ပြန်လည်တူးဖော်ရောင်းချချိန်တွင် တစ်ပိဿာလျှင် ကျပ်၁၀၀၀ မှ ကျပ် ၁၅၀၀ အထိရရှိခဲ့ပြီး၊ ယခုလက်ရှိဂျင်းသစ်ထွက်ပေါ်ချိန်တွင် ဂျင်းတစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ကျပ် ၂၂၀၀ အထိ ရရှိနေကြောင်း၊ဂျင်းမျိုးဥမတစ်ပိဿာကို ကျပ် ၂၅၀၀ ဈေးနှင့်ဂျင်းများကို အောင်ပန်းမြို့ပွဲရုံသို့တင်ပို့ရောင်းချကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့