
ပင်းတယ ဖေဖော်ဝါရီ ၁၀
ပင်လောင်း ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ၁၂ရက် နံနက် ၅ နာရီခွဲ အချိန်က လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ ဖေဖော်ဝါရီလ၁၂ရက် နံနက် ၇ နာရီအချိန်တွင်မြို့နယ်ဘက်စုံသုံးခန်းမ၌ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ပင်လောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မြို့နယ်အဆင့် အင်္ဂလိပ်စွမ်းရည်၊သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသာ၊ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် တာဝန်ရှိသူများက စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး