ပင်လောင်း နိုဝင်ဘာ ၁၄
ရှမ်းပြည်‌နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အထက(၂) ကျောင်းသား/ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ပေးပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ဖတ်ကြားသည်။
ထို့နောက် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသည့် အထက(ခွဲ)နန်းပန်း Grade-8 မှ မအိသက်မွန်၊ ပြည်နယ်အဆင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် အထက(၁) ပင်လောင်း Grade-9 မှ မခင်မို့မို့အောင် တို့အား တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးကြပြီး၊ အထက(၂) ကျောင်းသား/ကျောင်းသူတို့က မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ပေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး