ပင်လောင်း စက်တင်ဘာလ ၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပင်လောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး လေးဇော်ဦးနှင့်ဇနီး၊ နယ်မြေခံ တပ်မတော် အရာရှိများ၊ ပင်လောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားကော်မတီအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဗိုလ်မှူးကျော်စိုးမြင့်က ဖွင့်ပွဲအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အားကစားစစ်ကြောင်းမှူးမှ ဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ပြီး၊ ဗိုလ်မှူးကြီး လေးဇော်ဦးနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာတာဝန်ရှိသူဌာနဆိုင်ရာများက အားကစားသမားများ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းနောာက် ဘောလုံးပြိုင်ပွဲစတင်ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်က ပထမပွဲဖြစ်သည့် ဘန့်ဘာကျေးရွာ ဘောလုံးအသင်းနှင့် ဉာဏ်ပင်ကြီးဘောလုံးအသင်း ပြိုင်ပွဲအား စပေးဘောလုံးကန်သွင်းခဲ့ကြောင်း၊ ယင်းပွဲစဉ်တွင် ဉာဏ်ပင်ကြီးဘောလုံးအသင်းက ဘန့်ဘာကျေးရွာ ဘောလုံးအသင်းအား သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး၊ မွန်းလွဲ ၁ နာရိအချိန် ဒုတယပွဲစဉ်ဖြစ်သည့် ဆောင်းဆီးဘောလုံးအသင်းနှင့် ထီတရဘောလုံးအသင်းအား ဂိုးမရှိသရေရလဒ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာအလိုက် ပြိုင်ပွဲဝင်အသင်း ၅၅ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဘောလုံးပြိုင်ပွဲအား စက်တင်ဘာလ ၅ ရက်မှ အောက်တိုဘာလ ၃ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး