ပင်လောင်း ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြို လူငယ်စကားဝိုင်းကို ဩဂုတ်လ(၉)ရက် မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဆလိုင်းမြင့်နိုင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းစတင်ပြုလုပ်ရာ Grade- 8 မှ မထက်ထက်အောင်က “လူငယ်နှင့်စည်းကမ်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10 မှ မူကေသရီစိုးက “လူငယ်နှင့်တာဝန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade – 11 မှ မဟန်နီငြိမ်းက “လူငယ်နှင့်စာအုပ်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ ခွန်မိုးကောင်းကင်က “လူငယ်နှငိ့အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ စိုင်းအောင်မျိုးချစ်က “လူငယ်နှင့်ကိုယ်ကျင့်တရား” ‌ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ခေါင်းစဉ်အသီးသီးမှ ဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေးတို့က ပါဝင်ဖြည့်စွက်ဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ် ဓာတ်ပုံများနှင့် စာအုပ်စာအုပ်စောများအား ကြည့်ရှုလေ့လာမှတ်သွားခဲ့ကြကြောင်း သိရှိသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး